ဓမ္မနန်းတော်
တတိယအကြိမ် ဓမ္မစာအုပ်များလှူဒါန်းပွဲ ( နှင့် ) ဓမ္မနန်းတော် ဖွင့်လှစ်ခြင်း
ဒီလ ( ၇ )လပိုင်း အတွက် တတိယအကြိမ်မြောက် ပညာရေးဆိုင်ရာ ဓမ္မစာအုပ်များ လှူဒါန်းမှု၏ တတိယြေ ခ လှမ်း အဖြစ် ရွေးချယ်ဖြစ်တာကတော့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ သိမ်တောင် ပရိယတ္တိစာသင် တိုက် ဖြစ်ပါတယ်၊ အဲဒီကျောင်းမှာ ဒီနှစ် ၂၀၁၁ ခုနှစ်အတွက် သာသနာလင်္ကာရ ( သာမဏေကျော် ) စာမေးပွဲ ဖြေဆိုကြဖို့ ကြိုးစားအား ထုတ်နေကြသော သံဃာတော်အပါး ( ၇၀ ) အတွက် စာမေးပွဲဆိုင်ရာ စာအုပ်များ၊ မှတ်စု မှတ်ရာ စာအုပ်များ၊ မိတ္တူစာအုပ်များ စတာတွေ အတွက် နော်ဝေနိုင်ငံမှ ဒကာမကြီး ဒေါ်မြကြေးမုံကပဲ တတိယအကြိမ်မြောက် လှူဒါန်းခြင်း ဖြစ်ပါတယ်။
သူ့စကားအရ တပည့်တော်မှာ အများအလှူရှင်တွေလို ပေါများနေလို့၊ ချမ်းသာကြွယ်ဝနေလို့ လှူနေခြင်း မဟုတ်ပါ၊ သိလို့ လှူနေခြင်း ဖြစ်ပါတယ် တဲ့။ စားစရာမှာလဲ ခြွေတာ၊ နေစရာ နဲ့ အသုံးစရိတ်တွေလဲ ခြွေတာပြီး တတ်နိုင်သလောက် လစဉ်လှူဒါန်းနိုင်အောင် ကြိုးစားနေတယ် လို့ ဆိုပါတယ်၊
Read More
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ အလှူအားလုံးတို့တွင် တရားအလှူတော်သည် အမြတ်ဆုံး၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ၊ အရသာ အားလုံးတို့တွင် ဓမ္မ၏အရသာသည် အသာဆုံး၊ သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ မွေ့လျော်ခြင်း အားလုံးတွင် တရားဖြင့် မွေ့လျော်သည်က အကောင်းဆုံး၊ တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ၊ ဆင်းရဲမှန်သမျှကို တဏှာကုန်ရာ နိဗ္ဗာန်သည် အမွန်မြတ်ဆုံး ဖြစ်ပေသည် ဟု မြတ်စွာဗုဒ္ဗက ဓမ္မပဒတွင် ဟောကြားခဲ့၏။

ပညာသည် လူ၏ မျက်လုံး
ပညာ သမာ အာဘာ နတ္တိ၊
ပညာ နှင့် တူသော အလင်းရောင်သည် မရှိ၊
သိပ္ပါ သမံ ဓနံ နတ္တိ၊
ပညာနှင့်  နှိုင်းယှဉ်နိုင်သော ဥစ္စာလည်း မရှိပေ၊
သိပ္ပံ စောရာ န ဂဏှန္တိ၊
ပညာကို ဘယ်လို သူခိုးတွေ ဓားပြတွေကမှ ခိုးယူ တိုက်ယူလို့ မရနိုင်။
ဣဓ လောကေ သိပ္ပံ မိတ္တံ၊
ပရလောကေ သုခါဝဟံ။
ပညာသည် ယခုမျက်မှောက်ဘ၀၌ မိတ်ဆွေစစ် ဖြစ်ပြီး တမလွန် ဘ၀မှာလည်း ကောင်းရာသုဂတိ ချမ်းသာကို ပို့ဆောင်ပေးနိုင်၏၊ စသော ပညာနှင့် ပက်သက်သော အဆိုအမိန့်များ မြောက်များစွာ ရှိပါသည်။ အဘယ့်ကြောင့် ပညာကို ဤမျှအထိ ဖွင့်ဆို အမွှန်းတင်နေကြသနည်း ဟူမူကား Wisdom is an eyes of man ပညာဆိုတာ လူတစ်ယောက် ရဲ့ မျက်လုံးလိုပဲ၊ အသိပညာ ဗဟုဿုတ ကြွယ်ဝသူဟာ ကုသိုလ် အကုသိုလ်၊ ကောင်းတာ မကောင်းတာ၊ သင့်တော်တာ မသင့်တော်တာ စသည်အားဖြင့် ခွဲခြားနိုင်တာကြောင့် ပစ္စုပ္ပန်ဘ၀မှာသာမက နောင်တမလွန် ဘ၀နှင့် နိဗ္ဗာန် အထိပါ ပို့ဆောင်ပေးနိုင်စွမ်းရှိကြောင်း ဗုဒ္ဓစာပေများ၌ လေ့လာ တွေ့ရှိရ၏။ ယနေ့ကမ္ဘာကို အသိပညာ ဗဟုဿုတ ကပင် ဦးဆောင်နေသည် ဆိုလျင် လွန်မည်မထင်ပါ၊ ထိုအသိပညာကပင် မိမိတို့ ဘ၀ သံသရာအတွက် ပါရမီထိုက်သော ဒါနများကို လှူဒါန်းနိုင်ဖို့ တွန်းအားပေး နိုင်ပါလိမ့်မည်။
ပရမာနံ ကမ္မံ ပါရမီ -
( လောက၌ သူတော်ကောင်းတို့ လုပ်သမျှ အလုပ်သည် ပါရမီထိုက်သည်သာ ဖြစ်၏ )
ပရမာနံ အယံ ပါရမီ -
ပါရမီထိုက်သော အလုပ်များသည်လည်း မြင့်မြတ်သော သူတော်ကောင်းတို့ အတွက်သာ ဖြစ်၏၊ ဆိုလိုသည်မှာ လူတို့ လှူဒါန်းကြသော ဒါနအမျိုးအစား များစွာရှိသော်လည်း စိတ်ထားတတ်ဖို့ နေရာဒေသ၊ အချိန်အခါ၊ အလှူပစ္စည်း၊ အလှူခံ ပုဂ္ဂိုလ်တို့၏ လိုအပ်ချက် စသည် စသည်ကို သိရှိနားလည်ကာ လှူဒါန်းပါလျင် ထိုထိုဒါနတို့က အကျိုးပေးသော အခါမှာလည်း မိမိတို့ လိုအပ်နေချိန်မှာသာ အကျိုးပေးလာတတ်၏။
လိုအပ်သောအချိန်အခါ၌ ဒါနအကျိုးပေးခြင်း ဟူသည် - ဥပမာ - ငယ်ရွယ်စဉ် ကျမ္မာရေး ကောင်းနေဆဲ အာရုံငါးပါးကို ခံစားနိုင်ဆဲမှာ ဒေါ်လာ သန်းပေါင်း များစွာပိုင်ဆိုင်နေလျင် ဘ၀အဓိပ္ပါယ် သည် ပြီးပြည့်စုံပြီ ဟု မှတ်ထင်နိုင်သော်လည်း ကျမ္မာရေး မကောင်းပါမှ အဆုံးဆုံးအခြေအနေဖြစ်သော မသွားနိုင် မလာနိုင် မစားနိုင် နာတာရှည်ရောဂါမျိုး ( လေဖြတ်ထားခြင်းမျိုး ) ခံစားနေရပါမှ ဒါနက အကျိုးပေးကာ ပိုက်ဆံတွေ ချမ်းသာနေမည်ဆိုလျင် မျှော်မှန်းထားသလောက် လူ့ဘ၀သည် အကျိုးမများ နိုင်တော့ပေ။ ကာလဒါနသည် ထိုသို့သော အခြေအနေကို ရှောင်လွှဲနိင်၏ ဟု ဗုဒ္ဓမြတ်စွာ ဟောကြားထားခဲ့ပါသည်။ ယခု ဒုတိယအကြိမ်မြောက် အလှူငွေ (၂၅၀၀၀၀) ကျပ်ဖိုး ဓမ္မစာအုပ်များ လှူဒါန်းသော ဒေါ်မြကြေးမုံ(Norway) ၏လှူဒါန်းမှုများအား မှတ်တမ်းတင်ရင်း အလှူရှင်နှင့်တကွ အားလုံးသော သူတော်ကောင်းများ ၀မ်းမြောက်စေဖို့ ဖော်ပြပါမည်။











